ဗန်းမောက်မြို့၌ နွေစပါးစိုက်ခင်းများ စိုက်စနစ်မှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားယကာကျေးရွာ၌ နွေစပါးစိုက်စနစ် မှန်ကန်ရေးနှင့် ပိုးမွှားကင်းထောက်မှတ်တမ်းယူးခြင်း ကွင်းဆင်းစစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့၌ အိမ်မွေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးများ (အခမဲ့)ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ “၂၀၁၈-၂၀၃၀ ခွေးရူးရောဂါကင်းစင်ပပျောက်ရေး” ရည်မှန်းချက်အတွက် ရပ်ကွက်များအတွင်းရှိ အိမ်မွေးခွေးများကို ယမန်နေ့က ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးသည်။

စိုက်ပျိုးရေးသုတေသနမှ သုတေသနပြုရွေးချယ်ထားသည့် အလားအလာကောင်း ဂျုံမျိုးများအား ကွင်းသရုပ်ပြပွဲနှင့် မျိုးရွေးချယ်ပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့၌ စိုက်ပျိုးရေး သုတေသန မှ သုတေသနပြုရွေးချယ်ထားသည့် အလားအလာကောင်းဂျုံမျိုးများအား KOPTA ဂျုံစီမံကိန်း၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကွင်းသရုပ်ပြပွဲနှင့် မျိုးရွေးချယ်ပွဲအား ယမန် နေ့ နံနက် ၁၀ နာရီက ပင်းတယမြို့ တံတားကြီးကျေးရွာ၊ တောင်သူဦးမြင့်လွင်၏ စိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ရေပျံကြီးရေတံခွန်နှင့် ကျောက်တော C.B.T သို့ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ခရီးစဉ်သစ်များ ဖော်ဆောင်လျက်ရှိရာ နောင်ချို မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကို ဆက်သွယ်ထားသော ဒုဌဝတီတံတားအနီးမှ ရေပျံကြီး ရေတံခွန်နှင့် ကျောက်တော (စံပြ) ကျေးရွာ C.B.T သို့ ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကျောင်းဆောင်သစ်နှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပန်မိတ်ကျေးရွာ ဒေသခံပြည်သူများနှင့် နိပွန်ဖောင်ဒေးရှင်း၊ စေတနာအဖွဲ့တို့ပူးပေါင်း၍ ဆောက်လုပ်ထားသည့် တစ်ထပ်ကျောင်းဆောင်သစ်၊ ရေလောင်းအိမ်သာ၊ မိုးရေလှောင်ကန်နှင့် ကျောင်းအသုံးအဆောင် ပရိဘောဂပစ္စည်းများကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်မိတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဘားအံပညာရေးဒီဂရီကောလိပ်တွင် တည်ဆောက်မည့်အဆောက်အဦများ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်မည့် အဆောက်အဦ(၃)ခုတို့၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က အဆိုပါအဆောက်အဦများ ဆောက်လုပ်မည့် မြေနေရာများ၌ ကျင်းပသည်။

ဘုန်းတော်ပွင့်ရုပ်ရှင်တော်မြတ် ပူဇော်တည်ထားရန်အလှူငွေ သိန်း(၆၀၀)လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် သမိုင်းဝင်ကျိုက္ကလော့စေတီတော်ြမတ်ကြီး အရှေ့တောင်ထောင့် မင်္ဂလာကန်တော်အထက်တွင် ဉာဏ်တော် ၃၁ ပေ အမြင့်ဆောင်သော ဘုန်းတော်ပွင့် ဈာနမုဒြာရုပ်ရှင်တော်မြတ်ကြီး ပူဇော်တည်ထားနိုင်ရေးအတွက် ကျော် မိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း(၃၀၀)နှင့် ရွှေစင်စင်္ကြာမိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း(၃၀၀) စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၆၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး စပါးမျိုးကွဲ (၃)မျိုးအား မျိုးစပါးတင်းရေ ၉၀၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး စပါးမျိုးကွဲ(၃)မျိုးအား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မျိုးစပါးတင်းရေ ၉၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့မျိုးသန့်ခြံမှ ခြံတာဝန်ခံ ဦးအောင်ချစ် ထံမှ သိရသည်။

ကျောက်တန်းမြို့နယ် ပျဉ်းမကန်လေးကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်မြင့်မားလာစေရန် မြစိမ်းရောင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးခြင်း သွားလာရေး အဆင်ပြေစေရန် လမ်းတံတားများဆောင်ရွက်ပေးခြင်း၊ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစေရန်နှင့်သန့်ရှင်းသော ရရှိစေရန် ရေကန်အနက်နှိုက်ခြင်း၊ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို ကျေးရွာများ အရောက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ပျဉ်းမကန် လေးကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ အတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းကွန်းကရစ်လမ်းခင်းခြင်းအား ယမန်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့်သဘာဝမြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်တောင်ကြီးမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ၊ အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့် သဘာဝမြေဩဇာများအား တောင်သူများ တစ်ပိုင် တစ်နိုင် စိုက်ပျိုးနိုင်ရန်နှင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျောက်တလုံးကြီး မြို့ စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင်ယနေ့နံနက်၁၀နာရီခွဲခန့်က ပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to