သံတောင်ကြီးမြို့တွင် မိုးလုံလေလုံ အားကစားခန်းမနှင့် အားကစားကွင်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင် ကြည့်ရှုစ်ဆေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားခန်းမနှင့်အား ကစားကွင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီးဦးမင်းကိုခိုင်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောဗစ်တာ ခလိုက်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူးဦးဟန်ထူးဇန်တို့က ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်တွင် သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် အထက ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမနှင့် အမှတ်(၄)ရပ်ကွက်ရှိ အားကစားကွင်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။