အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ဆောင်းသီးနှံ(ကုလားပဲ၊ ငရုတ်၊ ဖူးစားပြောင်း)စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အုပ်ရှင်းကြီးနည်းပညာပြန့်ပွားရေးစင်တာမှ တာ၀န် ကျ ၀န်ထမ်းများသည် ယမန်နေ့က ကောင်းသစ်ကျေးရွာ၊ ဟင်္သာကျေးရွာရှိ ဆောင်းသီးနှံ (ကုလားပဲ၊ ငရုတ်၊ ဖူးစားပြောင်း) စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။