သဲကုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အကူညီဖြင့်အကောင်ထည်ဖော်ဆောင်ရွက်သည့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးတိုင်း CDD စီမံကိန်းနည်းပညာအကြံပေးအရာရှိ ဦးပီတာထန်ခပ်မုံ၊ ဒု-ဦးစီးမှူး ဒေါ်လှဖုံးခိုင်၊ တိုင်းနည်းပညာအကြံပေး အင်/ယာ ဒေါ်ဆွေသနာညွန့်နှင့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများသည် ယမန်နေ့က သစ်နီတော အုပ်စု၊ သစ်နီတောကျေးရွာ၊ သိန်းသောင်းကျေးရွာ၊ မင်းလှအုပ်စု၊ ချောင်းစောက်ကုန်းကျေးရွာ၊ ဆောက်ခြုံကြီးကျေးရွာအုပ်စု၊ ကျားစုကုန်းကျေးရွာ၊ တံခွန်တိုင်အုပ်စု၊ ဂူကြီး ကျေးရွာ၊ ထန်းပင်မှော်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပင်းချောင်းလွင်ပြင်ဒေသတွင် ဆောင်းကြက်သွန်များ စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဆုံး၊ ကျွဲကူး၊ ဥယျာဉ်နှင့် မလွှကုန်း အစရှိသည့် ပင်းချောင်းလွင်ပြင် ကျေးရွာများတွင် ဆောင်းကြက်သွန်များစတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားရိပ်သာရှိ အဘိုး အဖွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများလာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားရိပ်သာရှိ အဘိုး အဖွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နေ့လည် ၃ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ကန်​တော်ကြီးပန်းခြံ မြေပ​ဒေသာကျွန်း၌ ဝါယာ​ရှော့မှ မီးစတင်​လောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် နတ်​မောက်လမ်းရှိ ကန်​တော်ကြီးပန်းခြံ မြေပ​ဒေသာကျွန်း‌ ရွှေအိုးကမ္ဘာစိုက်ပျိုး‌ရေး အ‌ရောင်းဆိုင်၌ ယ​မန်နေ့ည ၈:၃၅ အချိန်ခန့်က power bank အားသွင်းထားခဲ့ရာ အပူလွန်ကဲပြီး အနီးရှိစာအုပ်စင်သို့ မီးကူးကာ မီးစတင်​လောင်ကျွမ်းမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

အနံ့ပျောက်နှင့် ပိုးတွေ့များရှိနေသဖြင့် ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးယာယီ ပိတ်သိမ်းမှု ရက်သတ္တ(၁)ပတ်ထပ်တိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူ စစ်ဆေးရန်ကျန်ရှိသူ (၇၂)ဦး၊ အနံ့မရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသူ(၃)ဦး၊ စုစုပေါင်း(၇၅)ဦးကို Swab နမူနာယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) သို့၊ ဇန်နဝါရီ(၁၄)ရက်နေ့က ပို့ဆောင်စစ်ဆေးခဲ့ရာ (၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၆) ဦးထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး က‌လေးမြို့တွင် ယမန်နေ့က ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးရှိ ရောဂါ ရှာဖွေရေးဌာန ဓာတ်ခွဲခန်းတွင် စစ်ဆေးသူ (၁၀) ဦးအနက် (၁) ဦးတွင်လည်းကောင်း၊ အတည်ပြု လူနာများနှင့် ဆက်စပ်လျက်ရှိသူ (၃၁) ဦးအား

ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလ အခက်အခဲရှိသူများအား We Love Htantabin မှ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလ အခက်အခဲရှိသူများအား We Love Yangon မှ လှူဒါန်းထားရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့(ထန်းတပင်)မှ ပြန်လည်၍ ကူညီ ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

လောင်းလုံးမြို့နယ်ရှိ ဂဝံထုတ်လုပ်နေရာအား ရှေးဟောင်းနေရာတည်ရှိဇုန်အဖြစ် သတ်မှတ်နိုင်ရန်တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ နခံတောရွာ၊ ရပ်ခံတောင်ဘုရားအနောက်ဘက်ရှိ ဂဝံထုတ်လုပ်နေရာအား ရှေးဟောင်း နေရာတည်ရှိဇုန် (Ancient Site Zone) အဖြစ် သတ်မှတ်နိုင်ရန် ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ပဲခူးမြို့နယ် အောက်စည်တီး(အရှေ့)ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း လက်တွေ့ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

နတ်မောက်မြို့နယ် ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ပျိုးပင်မျိုးစုံပေါင်း (၅၃၀၂၀) ပင် ပျိုးထောင် ထားလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာက ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးရာသီ၌ အသင့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်မျိုးစုံပေါင်း (၅၃၀၂၀) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
Subscribe to