ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၆)ရပ်ကွက်၊ သာသနာ့ရက္ခိတ ဓမ္မာရုံတွင် မွေးစမှတစ်နှစ်ခွဲအထိ ကလေးငယ်များအား ယနေ့နံနက် (၉:၀၀)နာရီက မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းမြေပဲနှင့်နွေစပါးစိုက်ခင်းများစိုက်စနစ်မှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်ဥက္ကံကျေးရွာမှာဆောင်းမြေပဲစံပြကွက်နဲ့နွေစပါးစိုက်စနစ်မှန်ကန်ရေးနှင့် ပိုးမွှားကင်းထောက်မှတ်တမ်းကောက်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ကံမမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆို်ငရာ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်း ဥပဒေ များ အကြောင်းချပြရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေး ချယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန၏ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးဆို်ငရာ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ ချပြရှင်းလင်းခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒီပဲယင်း မြို့နယ်တွင်၊ကျွဲ၊ နွား တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေပြာဝန်ထမ်းများအနေဖြင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ သရက္ကန် အရှေ့ ကျေးရွာ၊ သရက္ကန် အနောက်‌ကျေးရွာ၊ ညောင်ပုထိုး ကျေးရွာ၊ ဆင်ဝပ်ကုန်း‌ကျေးရွာနှင့် နဂါးဘို ကျေးရွာတို့မှ ကျွဲနွားကောင်ရေ (၆၉၇)ကို ပေါင်ပုပ်လက်ပုပ် ရောဂါ နှင့် ကျွဲ နွားဒေါင့်သန်း ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးလျက်ရှိကြောင်းသိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ၁၀ ရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပန်ဆောင်စျေးအတွင်းလာရောက်ရောင်းချ၊ ဝယ်ယူကြသော ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်တားစီးနိုင်ရေး အတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစျေးတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၈)ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ပိုးတွေ့လူနာ (၃၃၈)ဦးရှိ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၈)ဦး ထပ်မံတွေ့ရှိ၍ ပိုးတွေ့လူနာပေါင်း (၃၃၈)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၃၀၈)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်း မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှ သိရသည်။

သံတောင်ကြီးမြို့နယ်၊ ရွာကြီး(ဟောင်း)ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြစိမ်းရောင်စီမံကိန်းအား နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ရွာကြီးကျေးရွာအုပ်စု ရွာကြီး(ဟောင်း) ကျေးရွာ (စတုတ္ထနှစ်စက်ဝန်း) မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေနှင့် ဒေသခံ ပြည်သူများထည့်ဝင်ငွေတို့ဖြင့် ကွန်ကရစ် လမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ဘုရားကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

မြစ်သား၌ ရှိုင်းဟုပ် ကုမ္ပဏီမှ ပရိယတ္တိ စာသင်တိုက်များအတွက် အလှူငွေများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ ပရိယတ္တိ စာသင်တိုက်များသို့ ရှိုင်းဟုပ် ကုမ္ပဏီမိသားစုမှ အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မင်းကုန်းရပ်ကွက်ရှိ မင်းကုန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to