လောက်ကိုင်မြို့၌ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း လောက်ကိုင် စာစစ်ဌာန၌ ယနေ့နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းတို့ ပူးပေါင်း၍ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ကျော်သူလမ်းရှိ တြိရတနရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက် စာဖတ်ခြင်း သင်တန်းဖွင့်လှစ်

ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက်စာဖတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။

ဝန်းသိုမြို့၌ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျေးလက်နေပြည်သူများ အိမ်တွင်းမှုအတတ်ပညာများဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်လာစေရန်၊ ကုန်ကျစရိတ် နည်းနည်းဖြင့် မုန့်မျိုးစုံကို ပြုလုပ်နိုင်စေရန်နှင့် အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။

ကလေးများအတွက် သင်ကြားသင်ယူမှုနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး လည်ပတ်ရန်ပုံငွေ ပေးအပ်ပွဲ ကျင်းပ

မိတ္ထီလာမြို့နယ်၌ ကလေးများအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ Upper KMN မှ KG နှင့် မူကြိုကလေးများအတွက် လည်ပတ်ရန်ပုံငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က ခရိုင်(ပြန်/ဆက်)ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့အား မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရေးဆွဲနိုင်ရေး ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံများ၏ လူမှုဘဝမြှင့်တင်နိုင်မည့် မြို့ပြစနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

COVID-19 ရောဂါကြိုတင်ကာကွယ်ရေး(ဆင့်ပွား) အသိပညာပေး ရှင်းလင်းပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး(ဆင့်ပွား) အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မီးသတ်ဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန(၁၀)ခု တိုးချဲ့

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၁၇၁)ဌာန ဖွင့်လှစ်ထားရှိပြီး အတွင်းဖြေ/အပြင်ဖြေ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၄၉၈၁)ဦး ဖြေဆိုကြောင်း သိရသည်။

ဝင်ငွေရ ဝဥ၊ ပီလောပီနံ၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သည့် ဝင်ငွေရစက်မှုကုန်ကြမ်းသီးနှံ ဝဥ၊ ပီလောပီနံနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပညာပေး သင်တန်းကို ယနေ့ နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်သည်။
Subscribe to