ဘုတလင်မြို့နယ်တွင် ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ(၅၂၅)သိန်း လွှဲပြောင်းပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ(၅၂၅)သိန်း လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီခွဲအချိန်က မြို့ပေါ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။