20019 Novel Corona Virus အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် သာယာဝတီမြို့ လူစည်ကားရာ ကားဂိတ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။