မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်ဆည်မြို့ မဲရုံများနှင့် မဲပေးစက်များအသင့်ပြင်ဆင်မှု ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည် မြို့နယ် သင်တောင်းကျေးရွာအုပ်စု ရွှေသိမ်တော်ဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများအနေဖြင့် မဲစာရင်းတွင်မိမိတို့၏အမည် စာရင်းများပါရှိစေရေး ကြည့်ရှုရန်၊ မှတ်ပုံတင်မရှိသေးသူများအား မှတ်ပုံတင်ပြုလုပ်ပေးရန်၊ မဲပေးရမည့် နေ့ရက်တွင် မဲရုံသို့လာရောက်၍ မဲပေးကြရန် တွေ့ဆုံဆွေးနွေးသည်။