အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၃၀ × ၁၃၁ လမ်း၊ ရွှေထွန်းကုမ္ပဏီ၌ ဒီဇင်ဘာ ၁၂ နံနက် ၁၁ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှူဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ဇလွန်မြို့မစျေးသစ်တွင် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 12,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  အသက်၁၈နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်  မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှု အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(အင်းလပ်အရှေ့)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိစုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က အာဟာရဒါနကျွေးမွေးလှူဒါန်းပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းအဆင့်(Grade-5) ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် နည်းပြများ၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။