Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ရိုးရာစာပေသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း တွံတေးမြို့နယ် အဂါတ်တန်းကျေးရွာ၌ ဖွင့်လှစ်
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ကရင်ရိုးရာစာပေသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီက တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ်တန်းကျေးရွာ ပန်းဥယျာဥ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်
Jun 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းသားသမီးများအား (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jun 07,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်း ပထမရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 07,2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၆ ရက်က ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၁၁/၀.၄ကေဗွီ (၃၁၅) ကေဗွီအေ ထရန်စဖော်မာ (Transformer)(၂)လုံးအား ဝန်အားမျှကူနိုင်ရန်အတွက် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး ထပ်မံတပ်ဆင်
Jun 07,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေးနှင့် ဌာနပိုင် ထရန်စဖော်မာ (Transformer)များ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ရက်(၁၀၀)စီမံချက်အနေဖြင့် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက ၆၁x၁၁၂ လမ်းထောင့်ရှိ ၁၁/၀.၄ ကေဗွီ (၅၀၀)ကေဗွီအေ ထရန်စဖော်မာ (Transformer)နှင့် ၆၁x၁၁၃လမ်းထောင့်ရှိ ၁၁/၀.၄ကေဗွီ (၃၁၅) ကေဗွီအေထရန်စဖော်မာ (Transformer) (၂)လုံးတို့အား ဝန်အားမျှ ကူနိုင်ရန်အတွက် ၆၀x၁၁၂လမ်း ထောင့်တွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(Transformer) (၁)လုံး ထပ်မံ တပ်ဆင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jun 07,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်
Jun 07,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သာယာကုန်းခေတ်မီစံပြ ကျေးရွာ၌ ကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်များကို စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့၊ ကမ်းနားလမ်းတွင် ရေနုတ်မြောင်းတူးဖော်ခြင်း စုပေါင်းဆောင်ရွက်
Jun 07,2026
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက် ကမ်းနားလမ်းတွင် ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်ခဲ့သော သဲနုန်းများ တူးဖော်ခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
153
Page
154
Page
155
Page
156
Current page
157
Page
158
Page
159
Page
160
Page
161
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department