အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား၊ကျောင်းသူများ ကျောင်းနေ ပျော်၌ပညာတော်ပြီး ကျန်းမာသန်စွမ်စေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်း၍ Abateဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း​အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jun 04,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့လိုက်လံကြည့်ရှုအားပေးသည်။
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက် ကလေးငယ်များအား ဇွန် ၄ ရက် နံနက် ၉ နာရီကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 04,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈) နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ် နိုင်စေရန်ရည်ရွယ်၍ လက်ဆေးနည်းပညာ‌ပေးဟော‌ပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇွန် ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ “မြို့သန့်ရှင်းသာယာလှပရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk)ကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၅) ရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်သည်။
Jun 04,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။