အမြို့မြို့အနယ်နယ်သတင်းများ

Mar 24,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre) ခန်းမ၌ မတ်လ ၂၃ ရက်နေ့နံနက် ၁၀ နာရီက(၈၁) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။
Mar 24,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို မတ် ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ ဗိမာန်တော်ကြီးတွင် ပြုလုပ်သည်။
Mar 24,2026
မန္တလေးတိုင်း‌ဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်‌ရေး မီးဘေးလုံခြုံရေး စစ်ဆေးမှုများကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Mar 24,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
Mar 24,2026
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ရှေးဦး သူနာပြုစုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့‌နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
Mar 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊  ယဉ်ကျေးလိမ္မာ‌စေရန်၊ ဗုဒ္ဓဘာသာဝင်တစ်ဦး လိုက်နာကျင့်သုံးရမည့် အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မတ် ၂၃ ရက် နံနက် ၉ နာရီခွဲက ယဉ်ကျေးလိမ္မာသင်တန်း (အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌  ဖွင့်လှစ်သင်ကြားသည်။
Mar 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ်(၆)မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ နွေနှမ်း ၂၆၇၇ ဧက စိုက်ပျိုးရန်လျာထားပြီး ၈၅၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
Mar 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အချိန်ကို အကျိုးရှိစေရေး ကျောင်းသား၊ ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို မတ်လ ၂၃ ရက်နေ့ နံနက်(၉)နာရီက အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။