အမြို့မြို့အနယ်နယ်သတင်းများ

Mar 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာနှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာ တိုင်းအဆင့် စာမေးပွဲကို မတ် ၂၂ ရက်နေ့ နံနက် ၉နာရီက လသာမြို့နယ် အထက (၂) ကျောင်းတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
Mar 24,2026
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၁၆) ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၉) ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့မ (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ စတင်ကျင်းပလျက်ရှိသည်။
Mar 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား သင်္ကြန်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က မိုင်းခတ်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
Mar 24,2026
(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာရှိ ရတနာ့ဗိမ္မာန်ကျောင်းတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို မတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြသည်။
Mar 24,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သဘာဝရေထွက်တော ရေထိန်းတောထိန်းသိမ်းကာကွယ်ရေး ဆပ်မကော်မတီဝင်များဖြစ်သည့် မြို့နယ် ထွေ/အုပ်၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြေစာရင်းနှင့်ကြေးတိုင်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပါဝင်သည့် အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီက နားဖျိုင်းကျေးရွာ၌ သဘာဝရေထွက်တော ရေထိန်းတော ထိန်းသိမ်းကာကွယ်ခြင်းအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ဥပဒေတားမြစ်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ပြုလုပ်သည်။
Mar 24,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်ဆံတော်ရှင် ကျိုက်ထီး ရိုးစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ အာရုံခံမှန်တန်ဆောင်းတိုးချဲ့လှူဒါန်းခြင်း ကောင်းမှုရေစက်ချ အခမ်းအနားကို မတ် ၂၂ ရက်နေ့ နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 24,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မတ် ၂၃ ရက်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့ ဆက်လက်ကြည့်ရှု‌ စောင့်ရှောက်ပေးကြသည်။