Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကယားပြည်နယ်ဝန်ကြီးချုပ် အသေးစား အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှု သွားရောက်ကြည့်ရှုအားပေး
Jun 03,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ကလွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင်၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ
Jun 03,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့၌ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဝါးရုံစုကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jun 03,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကညင်ကွင်းကျေးရွာအုပ်စု၊ ဝါးရုံစု ကျေးရွာတွင် ၂၀၂၆-၂၀၂၇ခု၊ ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအခြေခံနှင့် မွန်းမံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်…
Jun 03,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအခြေခံနှင့် မွန်းမံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံတောကျေးရွာအုပ်စု၊ အောက်ပန်းတော်ကျေးရွာ၊ အောက်ပန်းတော်ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီခွဲက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူ ၅၄ ဦး တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးသင်တန်း ပြုလုပ်
Jun 03,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် သီးနှံမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ပွဲနှင့် အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ဇွန်လ (၂)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ဖိတ်ခေါ်ဆောင်ရွက်
Jun 03,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များထုတ်ပေးခြင်းကို ဇွန်လ ၂ရက် နံနက် ၉ နာရီအချိန်မှစ၍ အင်းဖိုကျေးရွာအုပ်စု၊မယ်ဟုန်ကျေးရွာအတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်
Jun 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ဇွန် ၂ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
243
Page
244
Page
245
Page
246
Current page
247
Page
248
Page
249
Page
250
Page
251
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department