Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက် ဆရာတော်အား လာရောက်ဖူးမြော်ခြင်း၊ ကျောက်ကပ်စင်တာနှင့်…
Jun 03,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ (၁)နာရီက တောင်တွင်းကြီးမြို့နယ် တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာ စရိယ၊ မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တမာနိတအား လာရောက်ဖူးမြော်ခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ ကျောက်ကပ်စင်တာနှင့် ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား
Jun 03,2026
“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနမှ “ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်” ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်း အချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်း လုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 02,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မေလ(၂)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အစိုးသစ်ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန် တုတ်ကွေးရောဂါ အကြောင်းအသိပညာပေးဟောပြောပွဲနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြ…
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း များကို ယနေ့နံနက် (၉)နာရီ အချိန်ကစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင် ပျိုးထောင်ထားရှိ
Jun 02,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင်ကို မြို့မသစ်တော ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင် ထားရှိကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 02,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအမည်ဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရွှေ ဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၊ ကျောင်းသား/ ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်ပညာသင်ကြား
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)များကို ယမန်နေ့ နံနက်ပိုင်းမှစတင် ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်လှစ်
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ လက်မှုအတတ်ပညာဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
244
Page
245
Page
246
Page
247
Current page
248
Page
249
Page
250
Page
251
Page
252
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department