Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ကိုယ့်ကိုကိုယ်ယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်နယ်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ တွေ့ဆုံမှာ…
May 18,2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်နယ်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ တွေ့ဆုံမှာကြားနိုင်ရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း အားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက ဒေါပုံပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင် မြို့နယ်ရုံးတွင် ပြည်သူများ စာပေ ဗဟုသုတ တိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ စာကြည့် တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်း များနှင့် အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉:၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိ ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့၌ ခရီးစဉ်များ ပုံမှန်ပြေးဆွဲပို့ဆောင်
May 18,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း နှင့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ ပုံမှန်ကူးသန်း သွားလာလျက်ရှိပြီး၊ ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်(စဉ့်အိုးတန်း)ဆိပ်ကမ်းသို့ ကူးတို့ ပို့ဆောင်ပြေးဆွဲနေသော ဒလမြို့နယ်မှ စက်တပ် သမ္ဗန်ကူးတို့ဆိပ် ၅ ခု အနေဖြင့် မိနစ် ၄၀ ကျော်ခန့် ခရီးသည်များ လုံခြုံမှုရှိစေရေးအတွက် ခေတ္တသွားလာမှု ပိတ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန် ကူးတို့ဆိပ်များ အားလုံး ပိတ်ထားခြင်း မရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများ ကပ်ထားဆောင်ရွက်
May 18,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထက်လယ်မူ ကျောင်းများ တွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား မိဘများ သိရှိနိုင်ရန် လိုက်လံကပ်ထား ဆောင်ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ သင်တန်းပြုလုပ်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင် ခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ သင်တန်းပြုလုပ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းစာအုပ်ကို စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25201
Page
25202
Page
25203
Page
25204
Current page
25205
Page
25206
Page
25207
Page
25208
Page
25209
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department