Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သဖန်းကုန်းကျေးရွာ အဝင်လမ်းမကြီးအား မြေနီကျောက်ချောလမ်းအဖြစ် အဆင့်မြှင် တင်ဆောင်ရွက်
May 07,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်တွင်းကြီး-မကွေး ကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာ လမ်းကို မြေနီ ကျောက်ချောလမ်းအဖြစ် မေလ(၇)ရက် နံနက် ၉ နာရီက အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီ အခြေခံအားကစားသင်တန်းများသို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး
May 07,2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) တို့၌ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဉီးမောင်မောင်လင်းနှင့်အဖွဲ့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ကြည့်ရှု၊ ဒေသခံပြည်သူများနှ…
May 07,2021
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဉီးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မေလ ၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ပျိုးရေးခြံသို့ ရောက်ရှိကာ ခြံမန်နေဂျာ ဦးလှမိုး က ပေါက်အင်း စိုက်ပျိုးရေးခြံတွင် သီးနှံများ စိုက်ပျိုးမှု၊ မျိုးသန့်ထုတ်လုပ်မှုများနှင့် တောင်သူများသို့ ဖြန့်ဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လယ်ယာသုံးစက်ကိရိယာများ အသုံးပြုမှု အခြေအနေ များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင် လင်း မှ သီးနှံမျိုးကောင်းမျိုးသန့်များ တောင်သူများ လက်ဝယ်သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေး တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ရေး လိုအပ်သည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးကို ဖြည့်ဆည်းမှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၄)လုံး အမိုးလန်ပျက်စီး
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၆)အုပ်စုရှိ ကျေးရွာ(၉)ရွာတွင် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူ များ ကြည့်ရှုစစ်ဆေး
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ရေလဲကျေးရွာနှင့် ထွနီကုန်းကျေးရွာချင်း ဆက်ကျောက်ချောလမ်းခင်း ကျင်းဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲပြုလုပ်
May 07,2021
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ် ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 07,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တံတားဦးမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည…
May 07,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခွဲက တံတားဦးမြို့သို့ရောက်ရှိပြီး နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်ဆရာတော်၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များအား ဖူးမျှော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားရာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဂိုဏ်းထောက်ကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လက ဩဝါဒကထာမြွက်ကြား၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25236
Page
25237
Page
25238
Page
25239
Current page
25240
Page
25241
Page
25242
Page
25243
Page
25244
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department