Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ
May 09,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် မဏိရတနာ ပရိယတ္တိစာသင်တိုက်၏ အာဒိ ကမ္မိက ဦးစီပဓာနနာယက၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ (နိုင်ငံတော်သံဃမဟာနာယက-ငြိမ်း) ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီးအား တပည့်ဒကာ၊ ဒကာမများမှ ထပ်ဆင့်ဂုဏ်ပြုပွဲ၊ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပုရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ကုတင်(၅၀၀) ပြည်သူ့ဆေးရုံတွင် ထောက်ပံ့ငွေပေးအပ်
May 09,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ တိပိဋကစာမေးပွဲဖြေဆိုကြမည့် သံဃာတော်(၆)ပါးတို့အား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦ…
May 09,2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပမည့် တိပိဋက သာသနာတော်ဆိုင်ရာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ သံဃယတော်အရှင်သူမြတ် (၆)ပါး တို့အား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ရီရီသန်း၊ ဦးတင်သန်းဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် မြို့မိ၊မြို့ဖများက နဝကမ္မအလှူတော်ငွေ ဆပ်ကပ်လှူဒါန်းပွဲကို ရွှေတောင်ဦး ကျောင်းတိုက်၊ ဓမ္မဝိဟာရ ဓမ္မာရုံကြီးတွင် မေလ(၉)ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာအတွင်းလမ်း ကွန်ကရစ်ခင်းခြင်လုပ်ငန်း ဆောင်ရွက်လျှက်ရှိ
May 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ နားအွန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ရွာအတွင်းသန့်ရှင်းသာယာလှပရေး၊ ရွာအဝင် အထွက်လမ်းများအား ကျေးရွာနေ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လွယ်ကူ မြန်ဆန်စေရေးအတွက် ရွာအတွင်းလမ်း ကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်လျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပ
May 09,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၁ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ် ဖြစ်သည့် မရပ်မနား ရှေ့ဆက်သွား ကမ္ဘာ့ကြက်ခြေနီရဲ့စုပေါင်းအား ဆောင်ပုဒ်အရ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘားအံမြို့တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်
May 09,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဆန်းထွန်းအောင် ဦးဆောင်ပြီး ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် လသာ မြို့နယ် အတွင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ရောင်းချမှု ရှိ/မရှိ မြို့နယ် အတွင်း ဖွင့်လှစ် ရောင်းချသည့်ဆိုင်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးအထူးအဖွဲ့ တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း တရားမဝင် ကုန်စည်စီးဆင်းမှုများအား တားဆီးထိန်းချုပ်နိုင်ရေး ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့ ဖြစ်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ကော့သောင်းမြို့နယ်အတွင်း တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက်ကြည့်ရူစစ်ဆေး
May 09,2021
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ သွားရောက်ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25232
Page
25233
Page
25234
Page
25235
Current page
25236
Page
25237
Page
25238
Page
25239
Page
25240
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department