Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘားအံမြို့တွင် မိုးရာသီတွင်စိုက်ပျိုးနိုင်ရေး သစ်မျိုးစုံ တစ်သိန်း ပျိုးထောင်စိုက်ပျိုး
Apr 27,2021
ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် လူထုဖြန့်ပျိုးပင် (၁၀၀၀၀၀)ပင်ကို သစ်မျိုးအလိုက် ပျိုးထောင်စိုက်ပျိုးမှုကို သစ်တောဦးစီးဌာမှ ဆောင်ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ယာဉ်တိုက်မှုလျှော့ချစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်
Apr 27,2021
မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းမကြီးဘေးရှိ ရတနာထွန်း စိန်ရွှေရတနာဆိုင်ရှေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Apr 27,2021
ပြည်တောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၌ ၂၀၂၁ ခုနှစ် နွေစပါးနှင့် ကြံစိုက်တောင်သူများအတွက် ချေးငွေများ ထုတ်ချေး
Apr 27,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများနှင့် ကြံစိုက်တောင်သူများအား ၂၀၂၁ ခုနှစ် မိုးကြိုကာလ ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝဥစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
Apr 27,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝဥစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဝဥများကို စနစ်တကျ စိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်ကောင်းမွန်ထုတ်လုပ်နိုင်စေရေးနှင့် ဝဥဈေးနှုန်းများ မှန်ကန်စွာ တိုးတက်ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ဝဥစိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဘုန်းတော်ကြီး/ သီလရှင်ကျောင်း (၂၂) ကျောင်းတို့အား ဆွမ်းဆန် တော်၊ ဆီနှင့် ကြာဆံများ လှူဒါန်း
Apr 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဘုန်းတော်ကြီး/ သီလရှင်ကျောင်း (၂၂) ကျောင်းတို့အား ပစ္စည်းလေးပါးအတွက် ကြောင့်ကြှမှုမရှိစေဘဲ အေးချမ်းစွာ စာသင်၊ စာချခြင်းနှင့် တရားဘာဝနာများ ပွားများနိုင်စေရန်အတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ကြာဆံများ လှူဒါန်းခြင်းကို ဧပြီ(၂၆)ရက်၊ ညနေ(၄)နာရီက ရွှေမင်းဝံ(၁)လမ်း၊ ဟုမ္မလင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သေ…
Apr 27,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှကြီးမှူး၍ တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ သားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိးထုတ်ပေးရေး " ပန်းခင်း" စီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်…
Apr 27,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲက မော်လမြိုင်မြို့ ဖားအောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) သို့ သွားရောက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25255
Page
25256
Page
25257
Page
25258
Current page
25259
Page
25260
Page
25261
Page
25262
Page
25263
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department