အမြို့မြို့အနယ်နယ်သတင်းများ

Apr 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အုပ်ချုပ် ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
Apr 20,2021
​ကျောက်တံတားမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်​​ဆေးထိုးနှံပြီးသူများအား ဧပြီလ​နောက်ဆုံး ပတ်တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းမြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့က ပြည်သူများအား အသိ​ပေးနှိုး​ဆော်လျက်ရှိ​ကြောင်းသိရသည်။
Apr 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Apr 20,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သူနာပြုနှင့်သားဖွား သင်တန်း ကျောင်းသစ်ကြီးအား ဇန်နဝါရီလ တတိယအပတ်က စတင်ကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Apr 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အိုးဘိုရပ်ကွက်မှ မေမြို့ပန်းစိုက်တောင်သူများသည် ပန်းများလှိုင်လှိုင်ပေါ်ပြီး ရောင်းအားကောင်း သဖြင့် အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
Apr 20,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက စတင်ကာ ကုတင် ၂၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဧပြီ (၂၀) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။