Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လဟယ်ပြည်သူ့ဆေးရုံအတွက် ဒို့ညီနောင်ကျန်းမာရေးပံ့ပိုးကူညီမှုအသင်းမှ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒို့ညီနောင် ကျန်းမာရေးပံ့ပိုးကူညီမှု အသင်းမှ လဟယ်ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀) နာရီ အချိန် လဟယ်ပြည်သူ့ဆေးရုံတွင် ထောက်ပံ့ ပေးအပ်ပွဲကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန် က မြို့နယ်အတွင်းရှိ ရပ်ကွက်(၇) ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများ အလိုက် အသီးသီးဆောင်ရွက်လျှက်ရှိရာ၊ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁နာရီက တောကြီးအုပ်စုအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်ခြင်းကို တောကြီးကုန်းစုကျေးရွာရှိ အသင်းတော်ခန်းမ၌ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်း မြစိမ်းရောင်စံပြကျေးရွာ ရွေးချယ်ရန် ကွင်းဆင်းစစ်ဆေး
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်း မြစိမ်းရောင် စံပြကျေးရွာ ရွေးချယ်ရန် ပြည်ခရိုင် ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Jan 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ အမှတ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ် ဖွဲ့စည်း
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ် ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီက စတင်၍ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး
Jan 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေး အတွက် ယနေ့ နံနက် ၁၀ နာရီက ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covisheld ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများကို ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25322
Page
25323
Page
25324
Page
25325
Current page
25326
Page
25327
Page
25328
Page
25329
Page
25330
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department