အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများကို ရေးမြို့နယ်ပြည်သူ့ဆေးရုံ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင်ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ စတင်ထိုးနှံပေးလျက်ရှိသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် (အ-ထ-က) ကျောင်းတွင် Community Based Facility Quarantine Center ဝင်ရောက်နေသူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိကြောင်း ယမန်နေ့ညနေပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ပထမကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေ ဦးဆောင်၍ မီးလောင်မှုများ ဖြစ်ပွားလာပါက စနစ်တကျမီးငြှိမ်းသတ် နိုင်ရေး ရေဆင့်ကဲပေးပို့ခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနရုံးဝန်းတွင် ပြုလုပ်ကြသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့် က ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။