အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ အရှေ့ရင်ပြင်‌တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဒီပါမုနိဘယရန်အောင် ဥဒိသစေတီ ရုပ်ပွားတော်ကြီး အသစ်ပြန်လည်ပူဇော်ရာ ဓမ္မစေတီ စတီးပိဋကပ်တော်များ၊ ဓာတုစေတီသရီရ ဓာတ်တော်များ၊ ပရိဘောဂစေတီ သင်္ကန်းသပိတ်စသော ပရိက္ခရာများကို ဌာပနာပူဇာ၊ ဌာပနာသွင်း ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ဒီပါမုနိဘယရန်အောင် ရုပ်ပွားတော် ၏ ဥပစာရင်ပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများသည် နိုင်ငံတော် အစိုးရမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည်ကုစားမှု အစီစဉ် (CERP)ဖြင့် ငါးမွေးတောင်သူများထံ ထောက်ပံ့ပေးသည့်ငါးသားပေါက်များကြီး ထွားမှုရှိ/မရှိကိုယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊သရက်ကန်တဲတိုက်ကျေးရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ပေးနိုင်ရန် မြေအောက်ရေတိုင်းတာမှုလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်းနှင့် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းများကို ရွှေဘုံသာရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ နေ့လည်(၁)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့က မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာဓမ္မာရုံနှင့် ဘဝသစ်ကျေးရွာ ဘုရားကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်တင်မြောက်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က မြို့မ ရပ်ကွက်သရက်တောကျောင်းတိုက်၌ပြုလုပ်ခဲ့သည်။
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည့်သူဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။