အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2020
ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၆၃၅ စုအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
Nov 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ တားဆီး၊ ကာကွယ်ထိန်း ချုပ်ရေး၊ ကုသရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသော ဝင်ငွေနည်း အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် များအား နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၀၈၊ ၁၁၈၊ ၁၂၄)ရပ်ကွက်တို့၌ အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိသည်။
Nov 11,2020
တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းနှင့် ဓာတုဆေးဝါးများလျှော့ချနည်းသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ကသိရသည်။
Nov 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၁၀ နာရီက (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင် များ၊ အမှတ်(၃)ရဲကင်းမှ တပ်ကြပ်ကြီး ရဝေလင်းထိုက်နှင့် တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Nov 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံတော်အစိုးရမှ စတုတ္ ထကြိမ်မြောက် ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၅၉၂)စုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရအနေဖြင့် ပဥ္စမအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Nov 11,2020
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလညစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၄၀၀၀၀/-) ထောက်ပံ့ခြင်းကို ယနေ့ နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ စိစစ်ဖြန့်ဝေရေးအဖွဲ့များသို့ ပေးအပ်ခဲ့သည်။