Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့နယ်၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော
Jan 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဟွေဖကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့် အမှတ်(၁)ရပ်ကွက်တို့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ပူးပေါင်း၍ ပြည်သူများ မီးဘေး အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ကိုဗစ်-၁၉ ရောဂါကူးဆက်မှုဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအား On Line အစီအစဉ်ဖြင့်
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် Swab နမူနာယူစစ်ဆေးရာမှ အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ(၁)ဦး အပါအဝင် (၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် Swab စစ်ဆေးရန်ကျန်ရှိသူ (၄၉)ဦးနှင့် မြို့နယ်ပြည် သူ့ဆေးရုံတွင် အနံ့မရရှိသဖြင့် တက်ရောက်ကုသနေသူ(၁)ဦး ပေါင်း(၅၀)ဦး တို့အား၊ Swab နမူနာရယူ၍ ဇန်နဝါရီ(၁၈)ရက် နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ အနံမရရှိသူ(၁)ဦး အပါအဝင် (၅)ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့်အသက်(၁၀၀)အထက် သက်ကြီးဘိုး/ဘွား များအား ထောက်ပံ့ငွေများပေးအပ်
Jan 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့် အသက်(၁၀၀) အထက် သက်ကြီးဘိုး/ဘွား(၆၃)ဦးအတွက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ငွေများအား ရပ်ကွက်/ ကျေးရွာအသီးသီးရှိဘိုး/ ဘွားများအား ပေးအပ်နိုင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့ နံနက်(၁၁)နာရီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းပြုလုပ်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အောင်ဇေယျ လမ်းတစ် လျှောက်တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကျင်းပ
Jan 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် အမှတ်(၃)ရပ်ကွက် (၁၂)လမ်းကို ကွန်ကရစ် လမ်းအဖြစ်ဆောင်ရွက်
Jan 19,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ (၁၂) လမ်းကို ယမန်နေ့မနက် ၈ နာရီအချိန်က ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာတွင် Quarantine ဝင်နေသူများမှ မီးဖွားသော မိသားစုများအား ထောက်ပံငွေပေးအပ်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာရှိ Quarantine ဝင်နေသူမီးဖွားသော မိသားစုအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံငွေပေးအပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25457
Page
25458
Page
25459
Page
25460
Current page
25461
Page
25462
Page
25463
Page
25464
Page
25465
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department