Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖရူဆိုမြို့၌ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းနှင့် ဇာထိုးပန်းထိုးသင်တန်း ဖွင့်လှစ်
Jan 18,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက် မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းနှင့် ဇာထိုးပန်းထိုးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို ကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နှမ်းအထွက်နှုန်းကောင်းသော်လည်း နှမ်းဈေးနှုန်းကျဆင်း
Jan 18,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံများ ကျေးလက်နေပြည်သူများအ နေဖြင့် နှစ်ရှည်ပင်သီးနှံပင်များနှင့် ရာသီအလိုက်သီးနှံပင်များကို အဓိကထားပြီး စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာ မိုးနှမ်းနှင့် ဆောင်းနှံကို စုစုပေါင်းဧက တစ်သောင်းရှစ်ထောင်ကျော်ဧကခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက် တနိုင်တပိုင် (Home Garden) စိုက်ပျိုးရေးနည်းစနစ် မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြ
Jan 18,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း တောင်သူလယ်သမားများ ကိုဗစ် − ၁၉ ရောဂါ ကာလ အတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးစားသောက်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းအချိန်က ကော့ကဒါကျေးရွာတွင် Home garden စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးပညာပေး ကွင်းသရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ သွားရောက်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝပိုးသတ်ဆေး၊ ပိုးနှင့် ဆေးပိုးထောင်ချောက် ပြုလုပ်သုံးစွဲနည်း လက်တွေ့ ကွင်းဆင်း သရုပ်ပြ
Jan 18,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးကြမည့် တောင်သူများနှင့် ပဲစိုက်တောင်သူ များကို မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက်ရှိ နွေစပါး စိုက်ပျိုးတောင်သူများအား သဘာဝပိုး သတ်ဆေး၊ ပိုးနှင့် ဆေးပိုးထောင်ချောက် ပြုလုပ်သုံးစွဲနည်း လက်တွေ့ကွင်းဆင်း သရုပ်ပြခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Jan 18,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် စဉ့်ကူ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၄၄၀ မှုဖြစ်ပွားခဲ့
Jan 18,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၄၄၀မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၅၈ဦးနှင့် သေဆုံးသူ ၁၀၇ဦး ရှိခဲ့ကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲနှင့် ကိုဗစ်-၁၉ ကာလ''ရှေးဦးပြုစုခြင်းပညာဆင့်ပွားသင်တန်း''ပို့ချ
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ယနေ့နေ့လယ် (၁)နာရီ က မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ နှင့် ကိုဗစ်-၁၉ ကာလ''ရှေးဦးပြုစုခြင်းပညာဆင့်ပွားသင်တန်း''ပို့ချခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25500
Page
25501
Page
25502
Page
25503
Current page
25504
Page
25505
Page
25506
Page
25507
Page
25508
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department