Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်နှင့် အဖွဲ့ဝင်များ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ကျောင်းများစတင်ဖွင့်လှစ်မှုအခြေအနေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်နှင့် အဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန်နှင့် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယနေ့ ဇွန်လ ၁ ရက်နေ့ ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင် ဖွင့်လှစ်ခဲ့ရာကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာတက်ရောက်သင်ကြားလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉) နာရီအချိန်က တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) တွင် သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ၏ သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာလက်မှတ် အပ်နှင်းသည့် အခမ်းအနားကို မေ ၃၁ ရက်နေ့နံနက် ၉ နာရီက ၂ လမ်း ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၌ နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲကျင်းပ
Jun 02,2026
၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ နပန်းအားကစားလေ့ကျင့်ရေးရုံ၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးအာကာလွင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမာထွေးနှင့် မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံပညာ (ရန်ကုန်) ဒုတိယကျောင်းအုပ် ဦးအောင်မျိုးဝင်း၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိ
Jun 02,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
262
Page
263
Page
264
Page
265
Current page
266
Page
267
Page
268
Page
269
Page
270
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department