အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။
Jun 02,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာ၌ နိုင်ငံတော်အစိုးရ၏ ရက် ( ၁၀၀)လ မင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်းကို ယမန်နေ့ နံနက်၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း( ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 02,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဘဏ်ခွဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၁၂.၅.၂၀၂၆ နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သရက်ခရိုင်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့ရာ ပေါက်တောကျေးရွာအုပ်စုမှ တောင်သူ (၁၅၁)ဦး မိုးစပါးဧက (၂၁၁) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ငွေကျပ် (၆၃၃.၀၀)သိန်း၊ အခြားသီးနှံဧက (၃၄၉)ဧကအတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းငါးသောင်းနှုန်းဖြင့် ငွေကျပ် (၈၇၂.၅၀)သိန်း စုစုပေါင်းဧက (၅၆၀)အတွက် ချေးငွေ ကျပ်(၁၅၀၅.၅၀)သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သရက်ခရိုင် မန်နေဂျာနှင့် မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံတို့က တောင်သူတစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ကြသည်။
Jun 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခမဲ့) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပသည်။
Jun 02,2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝအချက်အလက်များ ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်မျိုးအောင်ရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
Jun 02,2026
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သင်တန်းနည်းပြများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၁၄ ကြိမ်မြောက် မြန်မာနိုင်ငံဂီတနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ ကြီးမှူးကျင်းပသော သီချင်းဆိုပြိုင်ပွဲအတွက် သာကေတမြို့နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်အဆိုရှင်များ ရွေးချယ်ပွဲနောက်ဆုံးအဆင့်ကို မေ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီက သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းမကြီး YBS ၈၄ ဂိတ်အနီးရှိ အောင်သုခကျောင်းတိုက်၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နာယက နိုင်ငံကျော်တေးသံရှင် တင်ဦးလေး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ တေးသံရှင်ကိုလတ်နှင့် သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဟန်သိန်း (မြန်မာစာ) တို့က အမှတ်ပေးအကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီချိန်တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။