အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာ၊ သပြေကြီးစုကျေးရွာနှင့် အုပ်ဖို (၁) ရပ်ကွက်များရှိ စပါးစိုက်ပျိုးမြေများတွင် ယခုနွေစပါးရာသီ၌ စိုက်ပျိုးထားသည့် ရေဆင်းပေါ်ဆန်း (၁) နှင့် ရေဆင်းပေါ်ဆန်း (၂) မျိုးသန့်မျိုးပွား စံပြစိုက်ခင်းများအတွင်း မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကြပ်ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (အပေါ်ထပ်) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား/သင်တန်းသူများအပါအဝင် စုစုပေါင်း (၁၁၂) ဦးတို့ တက်ရောက်ကြ​ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် ကျိုက္ကစံဘုရားလမ်း သဟပုညကာရီဓမ္မာရုံ၌ ဓမ္မကြေးမုံမှ အဘိဓမ္မာသင်တန်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲတော်အား အ.ထ.က (ခွဲ) ပေကုန်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၃၁ ရက်နေ့ နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jun 02,2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/ သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိအခြေခံပညာ ကျောင်းများအားလုံး ယမန်နေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2026
လူငယ်လူရွယ်များနှင့် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဝင်သမိုင်းကြောင်းများကို စနစ်တကျ လေ့လာမှတ်သားမိစေရန်နှင့် သာသနာတော်ကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဝင်ရောက်ဖြေဆို၍ တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရရှိခဲ့သော ကျောင်းသူ မမြဖူးငုံနှင့် ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရ (၁၂) ဦးနှင့် ဗုဒ္ဓဝံသဒီပလိုမာဘွဲ့ရ ဆရာမ (၆) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၃၁ ရက်နေ့ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၈) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ ဓမ္မဇောတိကျောင်းတိုက်တွင် ကျင်းပသည်။
Jun 02,2026
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ဇွန်လ ၁ ရက်​နေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂) ကျောင်းများသို့ ကျောင်းများစတင် ဖွင့်လှစ်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာသင်ကြားနေမှုများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။