အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2021
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် (၃)ဦ:အား ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသဖြင့် ညောင်လေးပင်ရဲစခန်းအား အသွားအလာ ကန့်သတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
Jan 14,2021
စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့်​ ဆောင်ရွက်​နေ​သော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်​ဖော်​ ဆောင်ရွက်​နေ​သောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူးဦးစတင့်​ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု​ခဲ့ကြောင်းသိရသည်။
Jan 14,2021
၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်(၁၅)ကြိမ် ပိုမိုဖြစ်ပွားခဲ့ကြောင်းကို မြင်းခြံခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သက်လှိုင်ထံမှ သိရသည်။
Jan 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားလာသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ Lockdown ပြုလုပ်ထားသော ပုသိမ်မြို့နယ်ရှိ တဂေါင်းဘုရား (အတွင်းချောင်လမ်း)၊ ငုဝါ(၃)လမ်းရှိ အဆောင်တစ်ဆောင်၊ ရွှေဘုံသာဘုရားလမ်းရှိ နေအိမ်များ၊ ဒုံကွင်းတိုးချဲ့(၃)လမ်းစသည့် နေရာ(၄)နေရာကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းထားသော ဆရာဝန်ကြီးများ၊ အလှူရှင် မိဘပြည်သူများတို့၏ ကိုယ်စား စားသောက် ကုန်များကို သွားရောက် လှူဒါန်းခဲ့ကြသည်။
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရုံးတောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ရုံးတော-ပုဂံစု-ကျုံတာဖျားလမ်း ကွန်ကရစ်ခင်းမည့် အခြေအနေကို ယမန်နေ့ နံနက်ပိုင်းက ဒေသခံများအား ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။
Jan 14,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့နယ်၊ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဂိတ်မှဝင်ရောက် လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေ:လုပ်ငန်း ကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး
Jan 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှင်မုတ္ထီးမြို့ဟောင်းနှင့် ပတ်သက်သည့်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ရှင်မုတ္ထီးဘုရား ကြီး၊ ဓမ္မာရုံ၌ကျင်းပသည်။