အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2021
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် အတွက် (၂၀၂၀−၂၀၂၁) တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် အမှတ်(၁၃)ရပ်ကွက်ရှိ ဇင်ယော်လမ်းများ လမ်းအကျယ် ၁၈ ပေ အမြင့်ထု ၇ လက်မ ကွန်ကရစ်ခင်း ဆောင်ရွက်ရာတွင် သတ်မှတ်ချက် များနှင့် ကိုက်ညီမှုမရှိကြောင်း လမ်းသူလမ်းသားများမှ အသိပေးမှု ကြောင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအား ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့် က ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 11,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ မဏ္ဍပ်ကိုင်းကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၄၄.၂၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရ သည်။
Jan 11,2021
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လှိုင်မြို့နယ် ၅ရပ်ကွက် အေးရိပ်မွန် (၅) လမ်း၌ ယခင်က ကြာသာပတေးနေ့များတွင် ဖွင့်လှစ်ရောင်းချခဲ့သော အော်ဂဲနစ်စျေးတန်းအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားနေချိန်များတွင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ စတင်၍ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
Jan 11,2021
မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ မြို့အဝင်ဂိတ်နှင့် ယာယီပျံကျစျေတို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအားစစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ နှာခေါင်းစည်း များ ကို ခုဝယ် ခုတပ်စနစ်ဖြင့်(Mask)တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။
Jan 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကသာမြို့ရှိ ပြည်သူများအား Mask များ တပ်ဆင်ပြီး အပြင်ထွက်သွားလာရေး Mask Campaign ကို ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။