Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဒုတိယနေ့ဆက်လက်ပို့ချ
Oct 27,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၈၁ ရုံဆောင်ရွက်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ (၉၆၆၂၄ ဦး)ရှိရာ မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းကို ယမန်နေ့တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူး(၉၀)ဦး၊ ယနေ့တွင် (၇၂)ဦး တို့အား မဲရုံလုပ်ငန်း တာဝန်များဖြစ်သည့် မဲပေးရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်များ၊ မဲရုံသုံးပစ္စည်းများ၊ မဲရုံသုံး ပုံစံများဖြန့်ဝေခြင်း ၊မဲစာရင်း ရေတွက်ခြင်း၊ ကြေငြာခြင်းနှင့်ထုတ်ပိုးခြင်း စသည့်ဆောင်ရန်/ရှောင်ရန်များကို နံနက် ၉ နာရီအချိန်မှ စတင်ကာ ညနေ ၅ နာရီ အချိန်အထိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်နှင့် အတွင်းရေးမှူး ဦးသိန်းနိုင်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကုန်းကြမ်းမြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းများ ဆောင်ရွက်
Oct 27,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေးပြီး လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ပြီး လုံခြုံရေးကုဒ်နံပါတ်များ မှတ်သားခြင်းများကို အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား မဲရုံဆိုင်ရာသင်တန်းပို့ချ
Oct 27,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ယနေ့ နံနက် ၉ နာရီက ရွှေကျင်မြို့နယ် မြို့နယ်စည်ပင်ခန်းမတွင် မဲရုံဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်
Oct 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ဝင်ရောက်မည့်ကုန်တင်ယာဉ်မောင်းများအားစစ်ဆေးရေးဂိတ်တွင်(RDT)Test Kit ဖြင့်စစ် ဆေးရာတစ်ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Oct 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူး စက်ပျံ့နှံ့မှုမရှိစေရေးအတွက်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာယမန်နေ့မနက်ပိုင်းမှစ၍ ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ဝင် ရောက်မည့် ကုန်တင်ယာဉ်မောင်းများအားအင်္ဂပူစစ်ဆေးရေး ဂိတ်တွင်(RDT)Test Kit အသုံးပြု၍ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိစစ် ဆေးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်
Oct 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး သင်တန်းဖွင့်လှစ်
Oct 27,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူး၍ ယမန်နေ့နံက်ပိုင်းက ပန်းတောင်း အ.ထ.က ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့်အထူးရဲများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေး
Oct 27,2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရန် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ သင်တန်းတက်ရောက်လျက် ရှိသော အထူးရဲသင်တန်းသား ၂၄၉ ဦးတို့အား ကိုဗစ်-၁၉ ပိုးရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ သင်တန်းသားအားလုံး ပိုးမတွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28477
Page
28478
Page
28479
Page
28480
Current page
28481
Page
28482
Page
28483
Page
28484
Page
28485
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department