အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ဦးဆောင်ကာ ဌာနဆိုင်ရာများ စုပေါင်း၍ မိုးစပါး(ဆင်းသုခ) မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ တောင်သူ ဦးမူခို့ဖောစိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 27,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲတွင် မဲရုံ အသီးသီး၌ တာဝန်ထမ်း​ဆောင်ကြမည့် မဲရုံမှူး၊ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင် တန်းကို ယ​နေ့နံနက် ၉နာရီခန့်က အထကကျိုက်မ​ရော​ကျောင်း၌ဖွင့်လှစ်ခဲ့သည်။
Oct 27,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့စာကြည့်တိုက်တွင် ကျန်းမာရေးအသိပညာပေး အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 27,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်၍ ပြည်သူများမီးဘေး အန္တရာယ်များနှင့်ပတ်သက်သော ကြိုတင်ကာကွယ်မှုလုပ်ငန်းများသိရှိနိုင်ရန်နှင့် မီးသတိရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံမြို့ မီးသတ်ဦးစီဌာနမှ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Oct 27,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ
Oct 27,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများအား တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက် ကုန်များ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယနေ့၊ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲရင့်ရိပ်သာ ခန်းမအတွင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 27,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်၊ ကွမ်တာ၊ ကမော့ကချူး၊ သာယာကုန်း၊ အောက်ရေပူ၊ တဝန်ဖန်ရ ကျေးရွာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။