အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လေရှီးမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနကကြီးမှူး၍ ပုံမှန် ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်တွင် (HPV) သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း လုပ်ငန်းများကို အောက်တို ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Oct 22,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ လာ​ရောက် ထုတ်ယူလျက်ရှိ​သော အငြိမ်းစားဝန်ထမ်း ပင်စင်စားများကို ယမန်နေ့ နံနက်(၈း၃၀)နာရီခန့်က ပင်စင်လစာများ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
Oct 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ လေရှီးမြို့နယ်အတွင်း နယ်စပ် ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး စီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (စတုတ္ထအကြိမ်)
Oct 22,2020
မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု မုန်တောကျေးရွာမှ ဒေသခံတောင်သူများစိုက်ပျိုးလျက်ရှိသည့် ငရုတ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Oct 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (HPV) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း၍ ပထမအကြိမ်ထိုးနှံရန် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီ အချိန်တွင် လဟယ်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 22,2020
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီ က ပုလောမြို့နယ် မြို့တော် ခန်းမ ၌ ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးတင်က ပြောကြားခဲ့သည်။
Oct 22,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။