အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ရှားခဲစခန်းနယ်မြေရှိ တောင်ကလုံကျေးရွာ အုပ်စု၊ လက်ပန်ကုန်းကျေးရွာတွင် စိုက်ပျိုးသည့်(CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း များကို ယမန်နေ့က ရိတ်သိမ်းခြွေလှေ့စက်များဖြင့် စတင်ရိတ်သိမ်းကြောင်း သိရသည်။
Oct 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအား မြို့နယ် အတွင်း ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်း များကို ယခုလ(၈)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးကြီးအတွင်းနှင့် ဇာတိမာန်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား ဒဏ်ငွေချမှတ် ပေးဆောင်စေခြင်း ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီး များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ( HPV ) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 22,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် VDP စီမံကိန်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Oct 22,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ.ထ.ကကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာကို စက်တင် ဘာလ (၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလ (၂၁)ရက်နေ့အထိ နေရာကန့်သတ် စောင့်ကြည့်မှု ခံယူခဲ့သူ စုစုပေါင်း(၁၅၆)ဦး ရှိပြီဖြစ်ပြီး လက်ရှိအချိန်တွင် (၇၀)ဦး နေရာကန့်သတ် စောင့်ကြည့်မှု ဆက်လက်ခံယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က၊ ငါးသိုင်းချောင်း(၁၉၉၆-၉၇) ပညာသင်နှစ်၊ ဒသမတန်းကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ အဆိုပါ နေရာကန့်သတ် စောင့်ကြည့်စင်တာရှိ စောင့်ကြည့်မှု ခံယူနေသူများအတွက် တစ်နေ့တာ အာဟာရဒါန လှူဒါန်းခြင်းနှင့် မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံ(၄၂)စုံကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
Oct 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သော ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကမှ ထွက်ရှိသောထင်းများအား လွှဲပြောင်းပေးအပ်ခြင်းကို ထင်းခုတ်လှဲထုတ်ယူခွင့်ပြုထားသော ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်းအတွင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်၊ တောအုပ်ကြီး ဒေါ်တင့်တင့်ခိုင်၊ မြစ်သား မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်လင်းအောင်၊ တောအုပ်ကြီး ဦးသူရိန်ဌေး၊ တောအုပ်ကြီး ဦးဇင်ကို၊ စိုက်ခင်းဝန်ထမ်းများ၊ ထိန်ကန်ကြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ ကြသည်။
Oct 22,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံမည့်ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ငပု‌တောမြို့နယ် ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ပြုလုပ်ခဲ့သည်။
Oct 22,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် သပြေခန်းမတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။