အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က(ယမ်းခမ်း)နှင့် အ.လ.က-ခွဲ(မုန်းလိုက်)ကျောင်း Facility Quarantine Center များတွင် Facility Quarantine နေထိုင်ပြီးစီးသူ ပညာရေးဝန်ထမ်းများအား ယမန်နေ့ ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးစီးမှု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Oct 21,2020
လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာ (မြို့လျှပ်စစ်မှူး) ဦးထွန်းထွန်းမှ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် အခြေခံ စားသောက် ကုန်(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥ၊ Mask နှင့်Face shield တို့ကို ဝမ်ဟတ်၊ ဝမ်စလောင်း၊ ဟိုမိန်းမြို့ရှိ မြို့လျှပ်စစ်မှူးရုံး၊ ဝမ်ဟတ်(နမ့်တွန်) ကျေးရွာဓာတ်အားခွဲရုံများရှိ အမြဲတမ်းနှင့် နေ့စားဝန်ထမ်း(၂၀)ဦးအား ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Oct 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို
Oct 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်း က အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Oct 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက် ရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်း အမျိုးသမီးငယ် များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန် ခန့်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။
Oct 21,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အဆင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ အိတ်ခ်ျပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် က ခရိုင်/ မြို့နယ် စုပေါင်းရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့်