အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းမြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ(၁)နာရီက  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 20,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (၁၃) ခုမြောက် ကာကွယ်ဆေးအဖြစ် အိတ်ခ်ျပီဗီ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်နေ့လည် ၁ နာရီချိန်က မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။
Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သက်ကြီး စာရေးဆရာများ အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များကို မြို့နယ်စာရေးဆရာ အသင်းမှ ယမန်နေ့မွန်းလွဲပိုင်းကပေးအပ်လှူဒါန်းသည်။
Oct 20,2020
ကယားပြည်နယ်၊ဘောလခဲခရိုင်၊‌‌ ဘောလခဲမြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး(HPV)Vaccineကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဥ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နေ့လည် (၁၂)နာရီ အချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 20,2020
လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  လွိုင်ကော်မြို့နယ်အတွင်း  သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး  (HPV)စတင်ထည့်သွင်းထိုးနှံပေးခြင်းနှင့်  ပတ်သက်၍အသိပညာပေး    ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
Oct 20,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့‌ပင်ကောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းမြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့်ဖွင့်ပွဲအခမ်းအနားအစီအစဉ် video conferencing စနစ်ဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့သည်။
Oct 20,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာကြရန် တာဝန်ရှိသူများက အသိပေးပြီးဖြစ်ရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဌာန ဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် လူအများသွားလာသည့် နေရာများတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် mask campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊