Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း Quarantine Centre သို့ အလှူရှင်များမှ အလှူငွေများ၊ အာဟာရမုန့်များ၊ သစ်သီးများ၊ ထမင်းဘူးများ လာရောက်လှူဒါန်း
Oct 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများ၊ ရေသန့်ဘူးများ၊ ထမင်းဘူးများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်ရှိ အ.ထ.က(၃)Quarantine Centre တွင်ထားရှိသော စောင့်ကြည့် လူနာ များမှ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိသူများ အိမ်ပြန်ခွင့်ရရှိ
Oct 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre တွင်ထားရှိသော စောင့်ကြည့်လူနာများမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများကို မွန်းလွဲ (၁)နာရီအချိန်က အိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Oct 19,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင် တိုးဂိတ်နေရာတွင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာကြသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါစီးနှင်းကြသည့် ခရီးသွားပြည်သူများ အား ခရီးသွားထောက်ခံချက်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်းနှင့် မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း နှင့် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကျန်းမာရေးစစ်ဆေးပြီးမှသာ ကားများကို တာလေမြို့ အတွင်း ဆက်လက်ဝင်ရောက် ဖြတ်သန်းခွင့်ပြုလျှက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မော်တော် ယာဉ်များအပြင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာကြသူများကိုလည်း အလားတူ စစ်ဆေးခြင်း များ ပြုလုပ်ပြီးမှသာ မြို့တွင်းသို့ဝင်ရောက် ဖြတ်သန်းခွင့်ပြုကြောင်းနှင့် ခရီးသွားများအပြင် ဒေသနေပြည်သူများအားလုံး နေအိမ်မှပြင်ပသို့ သွားလာမည်ဆိုပါက Mask စနစ်တကျ တပ်ဆင်သွားလာကြရေး အသိပေးနှိုးဆော်ခြင်းများကို တင်းကြပ်စွာဆောင်ရွက်လျှက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Oct 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ Mask တပ်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံက် ၈ နာရီခွဲ က စတင်၍ လမ်းဆုံ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက် စတင်ထိုးနှံပေးမည်
Oct 19,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၉ နှစ် မှ ၁၀ နှစ်ထိ မိန်းကလေးတိုင်းကို
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ သုံးစွဲရန်မသင့်သော ကိုဗစ်နိုင်ဆေးလျှက်ဆားအား စျေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Oct 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးဝါး ဖြစ်သည့် ကိုဗစ်နိုင်လျှက်ဆား စျေးကွက်အတွင်း ရောင်းချနေမှု မရှိစေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် (၇.oo)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ် ၁၈၃၇ ဦးကို အိတ်ခ်ျပီဗီ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Oct 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ် ၁၈၃၇ ဦးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေး ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမ၌ပြုလုပ်သော အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲမှ မြို့နယ် ဆရာဝန်ကြီး၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့ရှိ လမ်းမီးတိုင်များတွင် မီးလုံးများတပ်ဆင်
Oct 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့တွင် ပြည်သူများ သွာလာရေး အဆင်ပြေ စေရန်နှင့် ဒုစရိုက်မှုများကင်းဝေးစေရန်အတွက် မြို့တွင်း လမ်းမီးတိုင်များတွင် မီးလုံးများ တပ်ဆင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28627
Page
28628
Page
28629
Page
28630
Current page
28631
Page
28632
Page
28633
Page
28634
Page
28635
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department