အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center ၌ ထားရှိ‌သော ရန်ကုန်ပြန် အမျိုးသမီး (၂၄နှစ်) တစ်ဦးထံမှ ယမန်နေ့ က ကိုဗစ် ၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။
Oct 19,2020
 ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ပြည်မြို့   ဦးခင်ဇော် ဒေါ်ခင်နွဲ့မူ မိသားစုက နံနက်စာအာဟာရဒါနအဖြစ် နန်းကြီးသုပ်ဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Oct 19,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဝင်ငွေနည်းလက် လုပ်လက်စား အခြေခံအိမ်ထောင်စုလေးရာကျော်တို့အား
Oct 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ပြည်သူများအား အသိပညာပေးမှတ်တမ်းများ၊ အကြောင်းအရာများအား နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်း က စတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။
Oct 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများတို့က ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ အမှတ်(၁)ရပ်ကွက် ခုန်းစိန်ကျောင်း စောင့်ကြည့်ရေးစခန်းအား အမှတ်(၃)ရပ်ကွက်ရှိ နတလကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်လျှက် ရှိသည်။
Oct 19,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန အနေဖြင့်