အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ်စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယနေ့ နံနက်ပိုင်းက နေ့လယ်စာအတွက် ကြက်ဆီထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။
Oct 14,2020
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ  ၂ နာရီက
Oct 14,2020
နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 14,2020
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ပရဟိတ မိဘမဲ့ကလေးဂေဟာများတွင် အာဟာရ 'နို့' တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
Oct 14,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးရွာများရှိ ပြည်သူများကိုယ်တိုင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်းထမ်းများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 14,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေး ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာအနီး မြို့ရှောင်လမ်းထိပ် စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ယမန်နေ့ညနေ ၄ နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 14,2020
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း  ရန်ကုန်တိုင်း ဒေသကြီး