အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် (၇) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရ ွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT) Test Kit ဖြင့်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ၌တွင် စစ်ဆေးခဲ့သည်။
Oct 14,2020
အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာ၀ ထိခိုက်ဆုံးရှုံးနိုင် ခြေလျော့ချ
Oct 14,2020
 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများထံသို့ ယမန်နေ့ ညနေ(၁၆း၀ဝ)နာရီအချိန်က ဆန်၊ဆီနှင့် အခြားစာသောက်ကုန်များကို လှူဒါန်းမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး တေးသရုပ်ဖော် အစီအစဉ်ဖြင့် Online မှ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အိမ်ခြေ ၁၀၀ အထက်ရှိ ကျေးရွာများကို ငွေကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၅၀နှင့် ၁၀၀ ကြားရှိကျေးရွာများကို ငွေကျပ် သိန်း ၂၀၀၊ အိပ်ခြေ ၅၀ အောက်ရှိ ကျေးရွာကို
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင်းရှိ တိုင်ရင်းဆေး အရောင်းဆိုင်များတွင် သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက(၁၀၅၉၉၁)စိုက်ပျိုးပြီးစီးကာ ယခင်နှစ်ထက် စိုက်ဧက (၁၆၀၀) ကျော် လျော့နည်းခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။