အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်- ၁၉ ရောဂါ(နေထိုင်မှုပုံစံသစ်) အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ မွန်း လွဲ (၂)နာရီက ပြသ ဆောင်ရွက် ထားရှိကြောင်း သိရသည်။
Oct 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၁၁ နာရီခန့်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ ကြောင့်အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား Save Mandalay From Covid-19 (SMC-19) အဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်၉နာရီခွဲက အဆိုပါရပ်ကွက်ရှိအသွားအလာကန့်သတ်ထားသည့် နေရာများတွင် ပြုလုပ်သည်။
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က တိုက်ခတ်ခဲ့သော လေးပြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများ အတွက် လေဘေးသင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 13,2020
ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာဝန်များအဖွဲ့သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက် အားဖြည့် ကူညီကြမည်ဖြစ်ရာ အဆိုပါဆရာဝန်များ အား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၁၂ရက် နံနက်ပိုင်းက မန္တလေးမြို့၊လမ်း(၃၀)ရှိ ဆေးတက္ကသိုလ်(မန္တလေး) ပင်မဆောင်တွင် ကျင်းပပြုလုပ်သည်။
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ အထူးရဲသင်တန်းသားများနှင့် နည်းပြ များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက် ကြောင်း သိရသည်။