Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်ခရိုင်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တ…
Oct 13,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီး မြှုပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ချောင်ကြီးတိုက်နယ်ဆေးရုံသို့ သွားရောက်အားပေးပြီး ဒေသခံများအား ပါးစပ်နှင့် နှာခေါင်းစည်း (၇၀၀၀) ကျော်ဖြန့်ဝေပေး
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော ကိုဗစ် - ၁၉ ပိုးတွေ့သူ အသက် (၂၂) နှစ်ရှိ ယာဉ်နောက်လိုက်အား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဒေသခံများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းစည်း (၂၅၀၀) ပေးခဲ့ပြီး၊ ထောက်ရှာကျေးရွာရှိ ကျေးလက်လမ်းအား ကြည့်ရှုကာ ဒေသခံများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် ပါးစပ်နှင့်နှာခေါင်းစည်း (၂၅၀၀) ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ Facility Quarantine ဝင်နေသူ ၃၅ ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာရယူစစ်ဆေး
Oct 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ဝင်နေသူ ၃၅ ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ရယူခဲ့ပြီး တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင် စစ်ဆေးထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Swab နမူနာရယူရာတွင် အသုံးပြုနိုင်ရန် အဆောင်ငယ်တစ်လုံးလှူဒါန်း
Oct 13,2020
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများရှိ စောင့်ကြည့်လူနာများ၏ Swab နမူနာ ရယူရာတွင် အဆင်ပြေစေရေးနှင့်
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ (Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများကို ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံ၍ အသိပညာပေးခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကိုဗစ် ရောဂါ ကူးစက်မှုမရှိစေရန်အတွက် တောင်ကြီးမြို့အဝင် မြေပုံနီအတက်လမ်း၊ အရှေ့မြို့ပတ် လမ်း အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း အနီးနှင့် အရှေ့ မြို့ပတ်လမ်း အဆုတ်ဆေးရုံရှေ့ မီးပွိုင့်အနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန် မှစတင်၍ (Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်း ပြုလုပ်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်းအဝတ် (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်…
Oct 13,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်နေ့ လှုပ်ရှားမှုအဖြင့် နေအိမ် ပြင်ပထွက်ခွာသွားလာနေသော ခရီးသွားပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန်က ပူးပေါင်း ကျန်းမားရေးစစ်ဆေးသည့်ဂိတ်၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Oct 13,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့အ ချိန်အထိ ကူးစက်ခံရသူ Positive လူနာ ၁၂ ရှိပြီး ၁ ဦးမှာ ကျန်းမာစွာဖြင့် မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လမင်းတစ်ရာ ဘက်စုံပရဟိတဆရာတော်မှ ရွေးကောက်ပွဲ အထူးရဲသင်တန်းသို့ စားနပ်ရိက္ခာနှင့် အလှူငွေ ပေးအပ်လှူဒါန်း
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက လမင်းတရာဘက်စုံပရဟိတ ဆရာတော်မှ ပုသိမ်မြို့၊ တဂေါင်းဘုရားဝန်းအတွင်း ဖွင့်လှစ်ထားသော ရွေးကောက်ပွဲ အထူးရဲ သင်တန်းအတွက် ဆန်၊ ဆီ၊ အာလူး ၊ကြက်သွန်နှင့်အလှူငွေ တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28735
Page
28736
Page
28737
Page
28738
Current page
28739
Page
28740
Page
28741
Page
28742
Page
28743
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department