Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တလုံးကြီးမြို့၊ ကျေးရွာအုပ်စု(၇)စု၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား လက်ဝယ်အရောက်ထောက်ပံ့ငွေပေးအပ်
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်းရှိ ကျေးရွာအုပ်စု(၇)စု၌ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ယနေ့နံနက် ၉ နာရီခန့်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၇)ရပ်ကွက်ပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်ဟင်းသီးဟင်းရွက်များ “လိုအပ်သရွေ့ယူ စေတနာဖြင့်အလှူငွေပြန်ထည့်” အစီအစဉ်ဖြင့် ရပ်ကွက်များအတွင်း ဖြန့်ဝေ
Oct 12,2020
ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်မှ ပရဟိတအဖွဲ့များသည် ပြည်သူများ Stay at Home နေထိုင်သည့်ကာလအတွင်း မလိုအပ်ပဲ နေအိမ်ပြင်ပထွက်ခွာခြင်းမရှိရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်များအတွင်း ဟင်းသီးဟင်းရွက်များကို လိုအပ်သရွေ့ယူပြီး စေတနာရှိသ၍ အလှူငွေပြန်ထည့်ခြင်းအစီအစဉ်ဖြင့် ယမန်နေ့ကဖြန့်ဝေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုပြုလုပ်
Oct 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့က လောင်းလုံးမြို့နယ်၊ မောင်မကန်စျေး၊ သောကြာပြင်လမ်းဆုံနှင့် လူစည်းကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းခရိုင် ဆေးရုံကြီးမှ ကိုဗစ်-၁၉ရောဂါပိုးကင်းစင်၍ ၇ ဦးဆေးရုံထပ်ဆင်း၊ လက်ရှိအတည်ပြု လူနာ ၂ ဦးသာ ကျန်ရှိတော့
Oct 12,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယနေ့နံနက် ၁၀နာရီခွဲ အချိန်တွင် မိုးညှင်းဆေးရုံကြီးရှိ သီးသန့် လူနာဆောင်တွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ရောဂါပိုး ကင်းစင်၍ ဆေးရုံထပ်ဆင်း ပေးခဲ့ကြောင်းနှင့် လက်ရှိမိုးညှင်း ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦးသာ ကျန်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အတည်ပြု ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၁၆) ဦးထပ်မံတွေ့ရှိ
Oct 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မင်္ဂလာဒုံမြို့နယ်မှပြန်လည် ရောက်ရှိလာ သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ (၁၆) ဦးတို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးရေပေါ်ဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးအတွက် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ ဆောင်ရွက်
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28827
Page
28828
Page
28829
Page
28830
Current page
28831
Page
28832
Page
28833
Page
28834
Page
28835
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department