အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်း‌လေး‌ဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးအတွက် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Oct 12,2020
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လုပ်ငန်းကိုင်ငန်းများ ရပ်ဆိုင်းထားရခြင်း၊ စက်ရုံအလုပ်ရုံများ ယာယီ ပိတ်ထားရသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ပန်းတနော်မြို့နယ်သို့ နေရပ်ပြန်လာချင်သူ များအား ပန်းတနော်မြို့ အရေးပေါ် လူနာတင်ယာဉ် ကူညီမှုအသင်းမှ အခမဲ့သွားရောက် ခေါ်ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၁၁ ရက်နေ့ အထိ လူဦးရေစုစုပေါင်း ၂၀၀ ဦးခန့်ရှိပြီ ဖြစ်ကြောင်း ​သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တွင် Mask မတပ်ဘဲ မြို့တွင်းသွားလာသူများအား ယနေ့ နံနက်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2020
ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက်ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမိသားစုများမှ  တစ်နေ့တာလုံး(နေ့လယ်စာ+ညနေစာ)အာဟာရဒါနအဖြစ် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က
Oct 12,2020
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲ သင်တန်းသားများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အထူးရဲသင်တန်းနေရာ အသီးသီးတွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။