အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန် တော်ရှိ သံဃာတော်များ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်သို့ ရေဂါလန်(၇၂၀၀)ကို ပေးဝေခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 09,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများက ကျိုက်ဒုံအပိုင်ရှိ သုသာန်ဇရပ် ပြုပြင်ရန်အတွက် မတည်ငွေကျပ် (၁၀) သိန်းအား တိံဿာရာမစာသင်တိုက် တောင်ပေါ်ကျောင်းဆရာတော်ထံတွင် လှူဒါန်းခဲ့ပါသည်။
Oct 09,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက
Oct 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်စည်ပင် သာယာ ဝန်ထမ်းများနှင့် (၁၁)ရပ်ကွက်၊ ကံဘဲ့တာဝါဆောက်လုပ်ရေးတွင် တာဝန်ထမ်းဆောင် နေကြသော နယ်မှဝန်ထမ်းများအတွက် စားရေးသောက်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာကော်မတီအဖွဲ့ဝင်(၉) ဦးစိန်အုန်းမှ အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည် ။
Oct 09,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် မည့် အထူးရဲ ၆၄ ဦးနှင့် အရန် ၂ ဦးအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန်
Oct 09,2020
ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယကကြီး ဦးအောင်ကိုဝင်း၏ လမ်းညွှန်ချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရန်ကုန်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး သူနာပြုဝန်ထမ်း ၂၀ ဦးအတွက် ထောက်ပံ့ငွေသိန်း(၄၀)ကျပ် ထောက်ပံ့လှူဒါန်းပွဲကို အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။