အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ ပြည်သူ များသိရှိလိုက်နာနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်တွင် ယမန်နေ့ ညနေပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရှိရသည်။
Oct 09,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှု အပေါ် ရှင်းလင်းတိကျစွာသိရှိနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမျာက အများပြည်သူထံ ဖြန့်ဝေပေးခဲ့သည်။
Oct 09,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဥတ္တရခရိုင်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Oct 09,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဖော့ကန်ဈေးနှင့် မြို့သစ်ဈေးများသို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 09,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာအုပ်စုကွင်း အမှတ်(၃၂၂-B)၊ ဦးပိုင်(၈၉)၊ ဧရိယာ (၅) ဧကရှိ တောင်သူဦးစိုးအောင်၏ လယ်မြေ၌ ယနေ့ နံနက်ပိုင်းက မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Oct 09,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များ တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် ကပ်ထားကြေညာ ထား ပြီးဖြစ်ရာ မဲစာရင်းတွင် မိမိအမည် ပါ/မပါ၊ မှန်/ မမှန်နှင့် မှတ်ပုံတင်နံပါတ်များ မှန်/မမှန် ပြည်သူများလာရောက်ကြည့်ရှုလျက် ရှိကြောင်းနှင့် မဲရုံအသီးသီးတို့တွင် မဲရုံဝန်ထမ်း (၂၃၀၀) ကျော်တာဝန်ပေးအပ်ရန် လျာထားကြောင်းသိရသည်။