အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၄)အတွင်းရှိ ရပ်ကွက်(၄)၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြား သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကိုဗစ် ကာလ ထောက်ပံ့ငွေများကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 09,2020
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် ချောင်းဝကျေးရွာ အခြေခံလူတန်းစားမိသားစုများအား ယမန်နေ့နံနက်ပိုင်းက အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့လျက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 09,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များမှ ပုံစံ(၃)၊ပုံစံ(၄) ၊ပုံစံ(၄-ဂ)ဖြင့် လျှောက်ထား သူများအား ယနေ့နံနက်(၁၀)နာရီက  မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊လမ်းမတော်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များ (ကိုကိုးကျွန်း မြို့နယ် မပါ) တွင် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ ထိရောက်စွာ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ပိုင်းက အနော်ရထာ လမ်းနှင့် ဗိုလ် ချုပ်လမ်း တို့တွင်  ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးဂိတ်များ သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Oct 09,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)ပေးအပ်ပွဲ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနုနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရဲလွင် တို့ကတောင်သူများအား ပေးအပ်ခဲ့ကြသည်။
Oct 09,2020
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း ဝင်‌ရောက်နေသူများကို ယမန်နေ့ နံနက် ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း (၁၄)ရက်ပြည့် မြောက်အောင် ကျန်းမာရေး‌ ကောင်းစွာ‌ နေထိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများမှ ကျန်းမာ‌ရေး‌ ကောင်းမွန်ကြောင်း ထောက်ခံချက်များကို ပေးအပ်ခဲ့သည်ဟု သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်း ပါဝင်ခြင်း ရှိ/မရှိ၊ ဆန္ဒမဲပေးခွင့်များ မဆုံးရှုံးစေရေး ရည်ရွယ်၍ ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ပိုစတာများ ကြေညာကပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။