အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံနှင့်အ-ထ-က(၄)အလုံ  အသွားအလာကန့်သတ်စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နံနက်စာ အတွက် ခေါက်ဆွဲသုပ်၊ကော်ရည်ခေါက်ဆွဲ၊ထမင်းကြော်နှင့် နေ့လယ်စာ အတွက် ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။
Oct 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲခွဲ
Oct 09,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ် − ၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရောင်စုံပိုစတာများအား ယမန်နေ့ကပြသထားခဲ့သည်။
Oct 09,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က လေပြင်းမျာတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
Oct 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး
Oct 09,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်ကာလ အမှန်တကယ်ခက်ခဲမှုရှိသည့် အခြေခံပြည်သူများအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)တို့မှဦးဆောင်ပြီး ဖားကန့်မှကျောက်မျက်ကုမ္ပဏီများစုပေါင်း ထောက်ပံ့လှူဒါန်း သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ်(၅၀၀၀)အား တစ်အိမ်ထောင် ဆန်(၆)ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း နှစ်သောင်းကို ယနေ့တွင် အိမ်တိုင်ရာရောက် စတင်ထောက်ပံ့ပေးလျက်ရှိသည်။
Oct 09,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည် စာရင်းများအား အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိရာ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။